Loading...
လူကြီးမင်းတို့ရဲ့ လုပ်ငန်းထဲမှာ Manual စနစ်တွေကြောင့် လုပ်ငန်းလည်ပတ်မှု နှောင့်နှေးနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ဆိုရင် ဒီနေ့ခေတ်မှာ Software တွေရဲ့ အကူအညီက မရှိမဖြစ်လိုအပ်လာပါတယ်။ Solo ERP ကို ဘာကြောင့် ယုံကြည်စိတ်ချစွာ ရွေးချယ်သင့်သလဲဆိုတဲ့ အကြောင်းကို အချက် (၅) ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။
Software ကို အသုံးမပြုခင် အခမဲ့ တိုင်ပင် ဆွေးနွေးပေးတယ်။ကိုယ့်လုပ်ငန်းမှာ အသုံးပြုမယ့် Software က လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီမှပဲ ရေရှည်မှာ ဆက်အသုံးချနိုင်မှာပါ။ Solo ERP က Consultants တွေက လက်ရှိ လုပ်ငန်းထဲက အခက်အခဲ၊လိုအပ်ချက်ကို နားထောင်ပေးပြီး အမှန်တကယ် ကိုက်ညီသင့်တော်တဲ့ Software တစ်ခုရရှိအောင် အသုံးမပြုခင်မှာ အခမဲ့ တိုင်ပင်ဆွေးနွေးပေးမှာဖြစ်ပါတယ်။
သင့်တင့်တဲ့ စျေးနှုန်းနဲ့ လုပ်ငန်းအရွယ်အစားတိုင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတယ်။ဝန်ထမ်းပေါင်းများစွာနဲ့ လည်ပတ်နေတဲ့လုပ်ငန်းကြီးတွေမှာမှ ERP Software ကို အသုံးပြုရတာ မဟုတ်ပါဘူး။ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်အောင် Solo ERP က သင့်တင့်တဲ့ စေ◌ျးနှုန်းနဲ့ ဝန်ဆောင်မှုပေးထားပါတယ်။
သတ်မှတ်ထားတဲ့ အချိန်အတွင်း Software Implementation ပြီးအောင် ရေးဆွဲပေးတယ်။လုပ်ငန်းလိုအပ်ချက်တွေကို တိုင်ပင်ဆွေးနွေးပေးပြီးတဲ့အခါမှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ ERP Software တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် ရေးဆွဲပေးမှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်းမှာ အသုံးပြုနိုင်အောင် Training ပို့ချပေးတယ်။ကိုယ့်လုပ်ငန်းကို စာရွက်၊ စာတမ်းတွေနဲ့ လည်ပတ်နေရာကနေ Digital စနစ်နဲ့ ကူးပြောင်းတဲ့အခါမှာ ဝန်ထမ်းတွေအတွက် အသုံးပြုဖို့အဆင်ပြေပါ့မလား အစပိုင်းမှာ လုပ်ငန်းလည်ပတ်မှုကို နှောင့်နှေးသွားမလား… စသဖြင့် တစ်ချို့က စိုးရိမ်စိတ်တတ်ကြပါတယ်။
Solo ERP က Software Implementation ပြီးဆုံးတာနဲ့ Software နဲ့ လုပ်ငန်းလည်ပတ်ပုံ၊ အသုံးပြုပုံတွေကို နားလည်ကျွမ်းကျင်တဲ့ ERP Experts တွေက Training အပြည့်အဝနဲ့ ပို့ချပေးမှာ ဖြစ်ပါတယ်။
Cloud System ကို အသုံးပြုထားတယ်။လုပ်ငန်းရဲ့ အချက်အလက်တွေ၊ သတင်းစီးဆင်းမှုတွေက အချိန်နဲ့အမျှအရေးကြီးတဲ့အတွက် အချက်အလက်တွေ လုံခြုံမှုရှိအောင်၊ Data တွေ လိုအပ်တဲ့အချိန်တိုင်း Cloud Server ပေါ်ကနေ ရယူနိုင်အောင် Solo ရဲ့ ERP IT နည်းပညာရှင်တွေက Security Featuresတွေ တပ်ဆင်ပြီး Cloud ERP ရဲ့လုပ်ဆောင်ချက်များတွေကို စောင့်ကြည့် ထိန်းချုပ်ပေးထားပါတယ်။
ကိုယ့်လုပ်ငန်းမှာ ERP System ကို အသုံးပြုနေတုန်း အခက်အခဲ တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ရင် သက်ဆိုင်ရာ Software Company ဘက်က တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။
Solo ERP မှာတော့ System နဲ့ ပတ်သက်လို့ အခက်အခဲ ဖြစ်ပေါ်လာခဲ့ရင် Customer Service ကို သတင်းပေးပို့ အကြောင်း ကြားနိုင်ပြီး သက်ဆိုင်ရာ Developers တွေက အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးတာဖြစ်တာမို့လို့ လူကြီးမင်းတို့ လုပ်ငန်းအတွက် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်။