Loading...
လူကြီးမင်း လုပ်ငန်းက တဖြေးဖြေး ကြီးထွား လာနေတဲ့ လုပ်ငန်းတစ်ခုလား ❓ ဒါမှမဟုတ် . . . ပြိုင်ဘက် လုပ်ငန်းတွေထက် ခြေတစ်လှမ်းသာဖို့ လိုအပ်နေပြီလား ❓
တချို့လုပ်ငန်းတွေမှာ တိကျတဲ့ စီမံကိန်း ရေးဆွဲထားမှု မရှိတာတွေ၊ ၊ Work Flow ကောင်းကောင်း မလည်ပတ်နိုင်တာတွေ၊ သတင်း အချက်အလက် ရရှိတာ နှောင့်နှေး ကြန့်ကြာတာတွေ ကြုံနေရပါတယ်။ ဒီလို ပြသနာတွေက ကိုယ့်လုပ်ငန်းကို တိုးတက်ကြီးထွားလာစေဖို့ အဟန့်အတား ဖြစ်စေမှာ အမှန်ပါပဲ။
ဒီလို တွေ့ကြုံနေရတဲ့ အခက်အခဲ ပြသနာတွေကို Solo ERP အသုံးပြုပြီး ဖြေရှင်းနိုင်ပါပြီ။ Solo ERP က လုပ်ငန်းမှာ လည်ပတ်နေတဲ့ လုပ်ငန်းစဉ်တွေအားလုံးကို တနေရာတည်းကနေ စီမံထိန်းချုပ်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် Process တစ်ခုနဲ့တစ်ခု အကြား နှောင့်နှေး ကြန့်ကြာတာတွေကို ဖြေလျှော့ပေးနိုင်ပါတယ်။
Cloud-based System ဖြစ်တဲ့အတွက်လည်း အချိန်နေရာ၊ ဒေသမရွေးကနေ လွယ်ကူစွာ ဝင်ရောက် အသုံးပြုနိုင်လို့ ကိုယ့်လုပ်ငန်းရဲ့ တိုးတက်မှုကို အမြဲ စောင့်ကြည့်အကဲခတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ERP System ကိုအသုံးပြုခြင်းက လုပ်ငန်းတစ်ခုလုံးကို ပိုပြီး စနစ်ကျစေတဲ့အတွက် အသုံးစရိတ်၊ ကုန်ကျစရိတ်တွေကို ရေရှည်မှာ သိသိသာသာ လျှော့ချနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းကို အခုထက် ပိုပြီး တိုးတက်အောင်မြင်လာစေဖို့ အခုပဲ Solo ERP နဲ့ စနစ်တကျ စတင် စီမံခန့်ခွဲလိုက်ပါ။