Loading...
POS ဆိုတာကတော့ Point of Sale ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အရောင်းပိုင်းပေါ့။ လူကြီးမင်းတို့ရဲ့ လုပ်ငန်းက အရောင်းပိုင်းကိစ္စရပ်တွေ များနေရပြီဆိုရင် သေချာပါတယ်…. လူကြီးမင်းလုပ်ငန်းမှာ POS System လိုအပ်နေပါပြီ။
ပြည်တွင်းမှာဆိုရင် POS System ကို စျေးဝယ်စင်တာနဲ့ စူပါမားကတ်တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာ တွေ့မြင်ရပါမယ်။ Point of Sale System တစ်ခုဖြစ်တာကြောင့် ငွေရှင်းတဲ့အခါ ကျသင့်ငွေကို တိတိကျကျ မြန်မြန်ဆန်ဆန် တွက်ချက်ပေးနိုင်ပါတယ်။
ဆေးရုံတွေ အတွက် Hospitality POS System တွေရှိသလို Retail ဆိုင်တွေအတွက်လည်း POS System တွေကိုလည်း Solo ERP မှာ ဝယ်ယူပြီး တပ်ဆင်လို့ရနေပါပြီ။
POS System ပေါင်းများစွာ အနက်မှ ခေတ်နဲ့အညီ လိုအပ်တဲ့ Data တွေ၊ Features တွေ အစုံအလင် အသုံးပြုနိုင်မယ့် POS System ကောင်း တစ်ခု လိုအပ်နေပြီဆိုရင်တော့ Solo ERP ကို သတိရလိုက်ပါ။
Solo ရဲ့ POS System က Cloud-Based System တစ်ခုဖြစ်တာမို့ အင်တာနက်ရှိရုံနဲ့ ဘယ်နေရာကမဆို အရောင်းစာရင်းတွေကို အချိန်မရွေး ကြည့်ရှုနိုင်ပါတယ်။
Customers တွေအတွက် Points တွေ သိမ်းပြီး Reward ပြန်လဲနိုင်မယ့် Customer Loyalty Program တွေကိုပါ Solo POS System မှာ ပြုလုပ်နိုင်ပါတယ်။
Solo POS System မှာဆိုရင်တော့ Receipt ကို တိကျပြီး အမြန်ဆုံး အချိန်အတွင်း ထုတ်ယူနိုင်ပြီး လူကြီးမင်းတို့ လုပ်ငန်းအတွက် လိုအပ်တဲ့ Feature တွေကိုလည်း အချိန်မရွေး Upgrade လုပ်နိုင်ပါတယ်။
တိကျမှန်ကန်တဲ့ POS System ကိုအသုံးပြုခြင်းဖြင့် လျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်ပြီး Customer တွေရဲ့ယုံကြည်မှုကိုလည်း ပိုမိုရရှိလာနိုင်ပါတယ်နော်။
Solo ERP မှ စီးပွားရေးလုပ်ငန်း နယ်ပယ်အလိုက် ကိုက်ညီမယ့် POS System ကို ဆွေးနွေး အကြံပြုပေးပြီး လူကြီးမင်းတို့ စိတ်တိုင်းကျ Customization များကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။