Loading...
နိုင်ငံခြား ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းတွေ၊ ပစ္စည်းဖြန့်ချီတဲ့ လုပ်ငန်းတွေ၊ Trading လုပ်ငန်းတွေက လုပ်ငန်းကြီးရင် ကြီးသလောက် လုပ်ငန်းလည်ပတ်မှုတာဝန်တွေက ရှုပ်ထွေးလှပါတယ်။ ဒီနေ့ခေတ်မှာတော့ Trading လုပ်ငန်းတွေက လုပ်ငန်းလည်ပတ်မှု စနစ်ကျဖို့အတွက် ERP Software တွေ အစားထိုးပြီး စီမံခန့်ခွဲနိုင်ပြီဖြစ်ပါတယ်။
Solo ERP ကနေ Trading လုပ်ငန်းတွေမှာ စနစ်တကျ စီမံခန့်ခွဲဖို့အတွက် ရေးဆွဲပေးထားတဲ့ ERP Software မှာဆိုရင် POS, Inventory, Accounting, CRM Module တွေ အဓိက ပါဝင်ပြီး Module တစ်ခုချင်းစီရဲ့ လုပ်ဆောင်ပုံတွေကို အောက်မှာ ဆက်လက် ဖတ်ရှု့နိုင်ပါတယ်။
ရောင်းအားမြှင့်တင်ရေးအပိုင်းကိုထိန်းချုပ်ဖို့ အတွက် Sales System ကို အသုံးပြုပြီးတော့ အရောင်းမြှင့်တင်ရေးအပိုင်းမှာရှိတဲ့ Sales Record တွေ၊ Department တခုလုံးရဲ့ အချက်အလက်တွေ၊ B2B Sales Channel တွေ၊ Customer Record တွေကိုစနစ်တကျ ထိန်းသိမ်း စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။
Sale System နဲ့ တွဲဖက် အသုံးပြုရမယ့် Inventory Management System မှာဆိုရင် ကုန်ဝင်ကုန်ထွက်ပိုင်းနဲ့ပတ်သက်ပြီး အရေးပါတဲ့လုပ်ငန်းစဉ်တွေနဲ့ အော်ဒါစာရင်းတွေ၊ ပေးပို့ရမယ့်အချိန်ဇယားတွေ၊ ပစ္စည်းသယ်ယူပို့ဆောင်မှုအပိုင်းတွေကို အလေအလွင့်မရှိအောင် အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းမှာ ကုန်ပစ္စည်းဘယ်လောက်ကျနေပြီလဲ ပစ္စည်းအရေအတွက်တွေကို Inventory System ကနေ တဆင့် အချိန်မရွေးကြည့်နိုင်တဲ့အတွက် လုပ်ငန်းအခြေအနေကို ပိုမိုအားစိုက်နိုင်မှာပါ။
လုပ်ငန်းတစ်ခုမှာ အလွန်အရေးပါတဲ့ ငွေရေးကြေးရေး ကိစ္စများကို မှန်မှန်ကန်ကန် စီစစ်ချုပ်ကိုင်နိုင်ဖို့အတွက် Accounting System တစ်ခု လိုအပ်ပါတယ်။ ကိုယ်လုပ်ငန်းရဲ့ အောင်မြင်မှု ရလဒ်ကို အကဲဖြတ်ဖို့နဲ့ လုပ်ငန်း တိုးချဲ့ဖို့ အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အရေးကြီးတဲ့ Financial Report တွေ၊ Profit and Loss, Balance Sheet, Cash Flow Statement, General Ledger, Trial Balance အစရှိတဲ့ Accounting ဆိုင်ရာ လုပ်ဆောင်ချက်တွေကို လွယ်လွယ်ကူကူ ပြီး မြောက်နိုင်စေမည့် Accounting System ကို အသုံးပြုပြီး လုပ်ငန်းကို ပိုမိုတိုးတက်အောင် အသွင်ပြောင်းလဲနိုင်ပါတယ်။
Trading လုပ်ငန်းတွေရဲ့ အသက်ကတော့ Customers တွေပါ။ ခေတ်ကာလအခြေအနေကို နားလည်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ Customer Relationship ကို အလေးပေးပြီး ကိုယ့်လုပ်ငန်းကို မြှင့်တင်လာကြတာ တွေ့ရပါတယ်။ ဒီအတွက် Customer စာရင်းတွေကို အလွယ်တကူ စနစ်တကျ စီမံခန့်ခွဲနိုင်မယ့် CRM System ထားရှိမယ်ဆိုရင် လုပ်ငန်းအတွက် အကျိုးရှိစေပါတယ်။
အခုလို Trading လုပ်ငန်းတစ်ခုလုံးကို System တစ်ခုတည်းကနေ စီမံခန့်ခွဲနိုင်မယ့် ERP Software ကို အသေးစိတ်သိလိုတယ်ဆိုရင်တော့ Chat box ကနေ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ Solo ERP ရဲ့ ကျွမ်းကျင် Business Analysts တွေက လူကြီးမင်းတို့ရဲ့ လုပ်ငန်း အခက်အခဲတွေကို အရင်ဆုံးတိုင်ပင်ဆွေးနွေးပေးပြီး လုပ်ငန်းနဲ့ ကိုက်ညီမယ့် ERP Software တစ်ခုရရှိဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။